စစ်တုရင်မှာအပိုင်း၃ပိုင်းဆိုပြီးရှိတဲ့အနက်၊အခုဟာကအဖွင့်ပိုင်းနှင့်ဆိုင်ပါတယ်။ပြိုင်ပွဲ
ဝင်တဲ့အခါဘယ်လိုပြင်ဆင်ထားသင့်သလဲဆိုတာနဲ့ဆိုင်ပါတယ်။ယနေ့ချန်ပီယံဖြစ်နေ
ကြတဲ့၊ကရာမ်နစ်တို့ကစပါးေ၇ာ့တို့ဆိုတာအဖွင့်ပိုင်းအတွက်ဘယ်လိုပြင်ဆင်ထားကြ
သလဲဆိုတာ၊သူတို့ရဲ့ပွဲတွေကိုလေ့လာရင်၊တွေ့နိုင်ပါတယ်။
ကရာမ်နစ်ဆိုရင်အဖြူကိုင်ကစားရင်၊ဘုရင်မဖက်ခြမ်းအဖွင့်မျိုးနဲ့သာကစားလေ့ရှိပြီး၊
တခါတရံမှသာအင်္ဂလိပ်အဖွင့်မျိုးကစားလေ့ရှိပါတယ်။အနက်ကိုင်ကစားရရင်တော့၊
တဖက်ကဘုရင်ဖက်ခြမ်းအဖွင့်နဲ့ကစားရင်၊စစ်စီလီယံခံစစ်ကိုအသုံးချလေ့ရှိပြီး၊ဘုရင်
မဖက်ခြမ်းဖွင့်ကစားရင်တော့၊စလဖ်ခံစစ်ဆီမီးစလဖ်ခံစစ်နဲ့ကစားလေ့ရှိပါတယ်။
ကာ့စပါးရော့ဆိုရင်လဲ၊အဖြူကိင်ရင်ကင်းပွန်းအဖွင့်နဲ့သာကစားလေ့ရှိပြီး၊
အနက်ကိုင်ရရင်တော့၊အဖြူကကွင်းပွန်းနဲ့တိုက်လာရင်၊ကင်းအင်ဒီးယန်းခံစစ်နဲ့ကစားပြီး၊
အဖြူကကင်းပွန်းအဖွင့်ကစားလာခဲ့ရင်၊သူကစစ်စီလီယန်ခံစစ်နဲ့ကစားခဲ့တာများပါတယ်။
သင်လဲချန်ပီယံတစ်ယောက်ဖြစ်လိုရင်တော့အခုလိုအဖွင့်ပိုင်းပြင်ဆင်မှုတွေ၊လေ့လာပြင်ဆင်ထားသင့်ကြောင်း၊
တတ်သမျှလေးနဲ့ဆရာလုပ်လိုက်ရပါတယ်။သင့်အယူအဆတွေကိုရောဖြစ်နိုင်ရင်ဝေမျှစမ်းပါဦးခင်ဗျား၊
No comments:
Post a Comment